Map Graph

ဆည်သည် (တောင်)ရွာ၊ စဉ့်ကူးမြို့နယ်

ဆည်သည် (တောင်)ရွာ သည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်၊ ဆည်သည်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၉၀၁၆၇ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ဆည်သည်ကျေးရွာအုပ်စုတွင် ကျား ၁၀၇၀ ဦး၊ မ ၁၃၅၈ ဦး၊ လူဦးရေ စုစုပေါင်း ၂၄၂၈ ဦးနေထိုင်သည်။ ဧရာဝတီမြစ်၏ မြစ်ရေဝင်ဒေသဖြစ်ပြီး မြစ်ရေပို့ချသော မြေနုနုံးမြေအမျိုးအစားဖြစ်သောဒေသဖြစ်သောကြောင့် မြေပဲကိုအထူးစိုက်ပျိုးသောဒေသဖြစ်သည်။ ဤရွာ၌ ရှေးယခင်ကတည်းက နွားတကောင်တပ်၍ အသုံးပြုသော ဆီဆုံအများအပြားတည်ရှိခဲ့သည်။ ရှေးယခင်ကတည်းက မြေပဲဆီ ထွက်သောရွာဖြစ်သောကြောင့် ဆီသည် (ဆီသယ်)ရွာဟုခေါ်တွင်လာဟန်ရှိသည်။ ကာလရွေ့လျော၍ “ဆီ”အစား “ဆည်” ဟုပြောင်းလဲသုံးကြသည်ဟုမှတ်ယူရပြီး ဤရွာ မြစ်ကမ်းပါးပြိုသောကြောင့်နောက်ဆုံးပြောင်းရွှေ့ခဲ့သောရွာ၌ရှိသော ဘုန်းတော်ကြီးကျောင်း၊ ဘုရားစသည်တို့၌ အလှူရှင် ကမ္ဗည်းထိုးထားသောမှတ်တမ်းများတွင်ဆီသည်ရွာဟုအသုံးအနှုံးများရှိခဲ့ဖူးသည်။

Read article